skip to main |
skip to sidebar
မမျှော်လင့်ဘူးပြောပေမယ့်
ရင်ထဲတစ်နေရာက
တိုးတိတ်စွာ မျှော်လင့်မိပါတယ်...
မရနိုင်ဘူးပြောနေပေမယ့်
မသိစိတ်တစ်နေရာက
တမ်းတစွာ လိုချင်မိပါတယ်...
မဖြစ်နိုင်ဘူးဆိုပေမယ့်
အသည်းတစ်နေရာက
မရဲဝံစွာ တောင်းတနေမိတယ်...
မဆုံနိုင်တော့ဘူး ထင်ပေမယ့်
နှလုံးသားရဲ့
အနှက်ရှိုင်းဆုံးနေရာက
ရူးသွပ်စွာ၊ပြင်းပြစွာ
ဆုံနိုင်ခွင့်ကိုတောင့်တရင်း...။