Thursday, February 12, 2009

ရူးသွပ်ခြင်း

မမျှော်လင့်ဘူးပြောပေမယ့်

ရင်ထဲတစ်နေရာက

တိုးတိတ်စွာ မျှော်လင့်မိပါတယ်...

မရနိုင်ဘူးပြောနေပေမယ့်

မသိစိတ်တစ်နေရာက

တမ်းတစွာ လိုချင်မိပါတယ်...

မဖြစ်နိုင်ဘူးဆိုပေမယ့်

အသည်းတစ်နေရာက

မရဲဝံစွာ တောင်းတနေမိတယ်...

မဆုံနိုင်တော့ဘူး ထင်ပေမယ့်

နှလုံးသားရဲ့

အနှက်ရှိုင်းဆုံးနေရာက

ရူးသွပ်စွာ၊ပြင်းပြစွာ

ဆုံနိုင်ခွင့်ကိုတောင့်တရင်း...။

Tuesday, December 23, 2008

Happy New Year 2009

2009

2009 နှစ်သစ်မှာသူငယ်ချင်းအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...

777



မိုးနဲ့အတူ


ချစ်သူ ကိုမင်းနဲ့ဝေးနေတဲ့အချိန်မှာ
မင်းနဲ့အတူ ထပ်တူထပ်မျှ
လွမ်းဆွတ်သတိရနေတာ မိုးပါ
မင်းနဲ့အတူ မိုးရေထဲမှာလမ်းလျောက်ခဲ့ဖူးတယ်
မိုးခြိမ်းသံကြားရင်မင်းကို့ရင်ခွင်ထဲတိုးဝင်ခဲ့တယ်
မိုးပေါက်သံ လေသံလေးတွေနဲ့အတူ
ကိုတို့ကခဲ့ကြတယ်
မိုးရေလေးတွေနဲ့တစ်ယောက်ကိုတစ်ယောက်
ဖြန်းပတ်ခဲ့တယ်
မင်းရဲ့အလှမင်းရဲ့အပြုံးက
မိုးရေတွေကြားမှာကို့ရင်ကိုပိုခုန်စေခဲ့တယ်
ပိုရ်ျသတိရစေတာကတော့
ကို့ကြောင့်ပြတ်ခဲ့တဲ့မင်းရဲ့
ကတ္တီပါဖိနပ်လေးပြတ်ခဲ့တယ်လေ
မင်းလေးစိတ်ဆိုးခဲ့တယ်
မင်းစိတ်ဆိုးတာကို့အတွက်တော့
ချစ်စရာမျက်နှာလေးပါပဲ
ကို့ဘ၀မှာတော့မိုးနဲ့မင်းနဲ့က
ခွဲမရတဲ့ချစ်သူတွေပါပဲ...
အခုချိန်မှတော့
မိုးကောမင်းကောကိုလွမ်းဆွတ်သတိရနေတယ်...
မျှော်လင့်ရင်းနဲ့ပဲ...
တချိန်မှာ မိုးရယ်မင်းရယ်အတူတူပျော်ကြမယ်နော်...

Friday, November 21, 2008

I Love You


I Love You




*I Love You*



24hrs Girl

In the morning,I wake up and begin to think about you

Cause I Love You.

At the work time,you again in the paper

Cause I miss you.

In the evening,you make me upside down

Cause I care you.

In the night,you are my dream guide

Cause I adore you so.



***Mg Com Lay***

Saturday, November 15, 2008

ရူးသွပ်ခြင်း


ကောင်မလေးရေ...
ညာနေမှန်းသိလျက်နဲ့
ယုံနေမိတယ်။
လှည့်စားနေမှန်းသိလျက်နဲ့
အပြစ်မယူရက်ပါ။
ဟန်ဆောင်နေမှန်းသိလျက်နဲ့
ဆက်ချစ်နေမိတယ်။
မုသားတွေမှန်းသိလျက်နဲ့
မုန်းလို့မရခဲ့။
စွန့်လွတ်ဖို့အခါခါ ကြိုးစားလည်း
အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့။
မေ့ပစ်ဖို့ အခါခါကြိမ်းပမ်းလည်း
တိုးတိုးပြီး သတိရနေတယ်။
ကောင်မလေးရယ်...
မင်းအကြောင်းတွေကိုတွေး
သတိရနေရင်ဖြင့်
အမုန်းကိုမကြိုဆိုနိုင်သူမို့
ရူးမိုက်တယ်ပြောလည်း
ကောင်မလေးအတွက်
အချစ်တွေကို
ဒီရင်မှာ ထာဝရ
သိမ်းထားချင်ပါတယ်...

 
m © 2007 Template feito por Templates para Você