Saturday, November 15, 2008

ရူးသွပ်ခြင်း


ကောင်မလေးရေ...
ညာနေမှန်းသိလျက်နဲ့
ယုံနေမိတယ်။
လှည့်စားနေမှန်းသိလျက်နဲ့
အပြစ်မယူရက်ပါ။
ဟန်ဆောင်နေမှန်းသိလျက်နဲ့
ဆက်ချစ်နေမိတယ်။
မုသားတွေမှန်းသိလျက်နဲ့
မုန်းလို့မရခဲ့။
စွန့်လွတ်ဖို့အခါခါ ကြိုးစားလည်း
အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့။
မေ့ပစ်ဖို့ အခါခါကြိမ်းပမ်းလည်း
တိုးတိုးပြီး သတိရနေတယ်။
ကောင်မလေးရယ်...
မင်းအကြောင်းတွေကိုတွေး
သတိရနေရင်ဖြင့်
အမုန်းကိုမကြိုဆိုနိုင်သူမို့
ရူးမိုက်တယ်ပြောလည်း
ကောင်မလေးအတွက်
အချစ်တွေကို
ဒီရင်မှာ ထာဝရ
သိမ်းထားချင်ပါတယ်...

 
m © 2007 Template feito por Templates para Você