Wednesday, October 29, 2008

အသည်းကွဲခြင်း


ပထမဆုံးမို့
အရိုးသားဆုံး
ချစ်ခဲ့မိပါတယ်...
မင်းကပဲအပြောကောင်းသလား
ငါကပဲညံ့နေသလား

လှပတဲ့စကားလုံးများအကြား
ကျဆုံးမိတာ အခါခါပေါ့...
ဟန်ဆောင်ကောင်းသူရယ်လို့
သိခဲ့ပေမယ့်..
သိပ်ချစ်ခဲ့မိလို့
အပြစ်မယူရက်ခဲ့သူပါ...
မေ့ပစ်ဖို့ကြိုးစားလည်း
အလွမ်းတွေနဲ့ပဲ
ကျဆုံးနေဆဲ...
ရင်ထဲမှာ နာကျည်းလည်း
နှလုံးသားက
မင်းဆီမှာပဲ...
အရိုးသားဆုံး ချစ်ခဲ့သူအတွက်
ရရှိခဲ့တဲ့ဆုလဒ်ဟာ
အသည်းကွဲခြင်းလား...
ရက်စက်မှုတွေကြားမှာ
ငါလဲပြိုနေပြီ...
နောက်ဆုံးတော့...
နာကျင်မှုတွေနဲ့
အဆုံးသတ်တော့မယ့်
ဇာတ်လမ်းမှာ
ငါ့အချစ်တွေကို
ဟန်ဆောင်ကာ သိမ်းရင်း
နှုတ်ဆက်လိုက်ပါတယ်....

 
m © 2007 Template feito por Templates para Você