Monday, October 20, 2008

ကံကြမ္မာ


အနေဝေးလို့သွေးအေးတယ် ဆိုပေမယ့်

ရင်တွေပူအောင်တမ်းတမိတာ ကိုပါ...

မိုင်တွေချီဝေးကွာနေလည်း

မင်းအရိပ်တွေ ထင်ကျန်နေဆဲပါ...

ဘယ်အချိန်ဘယ်နေရာပဲရောက်ရောက်

အတွေးထဲမှာမင်းတစ်ယောက်သာ စိုးမိုးနေဆဲပါ...

မင်းအကြောင်းတွေးလိုက်တိုင်း

ဘ၀အမောတွေပြောခဲ့ရတာ အမှန်ပါ...

ဆံနွယ်ရှည်လေး ကို့အနားဖြတ်သွား

မင်းဖြစ်လေမလား ငေးမိတာပါ...

အိမ်မက်ထဲမှာ အခါခါ

မက်မြင်နေမိတာ ညစဉ်ပါ...

မင်းနဲ့ပတ်သတ်တဲ့ အရာမှန်သမျှ

မေ့ပစ်လို့မရတာ ကံကြမ္မာပါ...

 
m © 2007 Template feito por Templates para Você