Wednesday, October 29, 2008

အသည်းကွဲခြင်း


ပထမဆုံးမို့
အရိုးသားဆုံး
ချစ်ခဲ့မိပါတယ်...
မင်းကပဲအပြောကောင်းသလား
ငါကပဲညံ့နေသလား

လှပတဲ့စကားလုံးများအကြား
ကျဆုံးမိတာ အခါခါပေါ့...
ဟန်ဆောင်ကောင်းသူရယ်လို့
သိခဲ့ပေမယ့်..
သိပ်ချစ်ခဲ့မိလို့
အပြစ်မယူရက်ခဲ့သူပါ...
မေ့ပစ်ဖို့ကြိုးစားလည်း
အလွမ်းတွေနဲ့ပဲ
ကျဆုံးနေဆဲ...
ရင်ထဲမှာ နာကျည်းလည်း
နှလုံးသားက
မင်းဆီမှာပဲ...
အရိုးသားဆုံး ချစ်ခဲ့သူအတွက်
ရရှိခဲ့တဲ့ဆုလဒ်ဟာ
အသည်းကွဲခြင်းလား...
ရက်စက်မှုတွေကြားမှာ
ငါလဲပြိုနေပြီ...
နောက်ဆုံးတော့...
နာကျင်မှုတွေနဲ့
အဆုံးသတ်တော့မယ့်
ဇာတ်လမ်းမှာ
ငါ့အချစ်တွေကို
ဟန်ဆောင်ကာ သိမ်းရင်း
နှုတ်ဆက်လိုက်ပါတယ်....

Friday, October 24, 2008

အဝေးမြေမှ


ဝေးတစ်မြေမှ ချစ်သူရေ…

တမြေပြည်ခြား ဝေးနေငြားလည်း

လွမ်းဆွတ်သတိရနေဆဲပါ…

အတူယဉ်တွဲ ချစ်ကြည်နူးခဲ့

ထာဝရင်မှာ မမေ့သာ…

စကားသံသာ ရင်မှာချမ်းမြ

မမေ့ရက်တာ တစ်သက်တာ…

ရွှန်းလဲညိုပြာ မျက်ဝန်းဟာ

တစ်သက်ဘယ်အခါ မမေ့အပ်ပါ...

ချစ်သူနှုတ်ခမ်း ရင်မှာလွမ်း

ထာဝစဉ်နမ်းတာ အခါခါ…

ကြင်နာယုယ ချစ်ခဲ့သမျှဟာ

ဝေးနေချိန်ကျ တမ်းတရ…

ချစ်ခဲ့တော့လည်း လွမ်းနေရ…

ဖူးစာဧကန် မှန်ပါငြားက

ပြန်လည်တွေ့ဆုံ ရင်တွေခုန်စွာ…

ပျော်ရွှင်မဆုံး တပြုံးပြုံးနဲ့

ချစ်ပွဲဝင်ချင်ပါသေးတယ်…

Monday, October 20, 2008

ကံကြမ္မာ


အနေဝေးလို့သွေးအေးတယ် ဆိုပေမယ့်

ရင်တွေပူအောင်တမ်းတမိတာ ကိုပါ...

မိုင်တွေချီဝေးကွာနေလည်း

မင်းအရိပ်တွေ ထင်ကျန်နေဆဲပါ...

ဘယ်အချိန်ဘယ်နေရာပဲရောက်ရောက်

အတွေးထဲမှာမင်းတစ်ယောက်သာ စိုးမိုးနေဆဲပါ...

မင်းအကြောင်းတွေးလိုက်တိုင်း

ဘ၀အမောတွေပြောခဲ့ရတာ အမှန်ပါ...

ဆံနွယ်ရှည်လေး ကို့အနားဖြတ်သွား

မင်းဖြစ်လေမလား ငေးမိတာပါ...

အိမ်မက်ထဲမှာ အခါခါ

မက်မြင်နေမိတာ ညစဉ်ပါ...

မင်းနဲ့ပတ်သတ်တဲ့ အရာမှန်သမျှ

မေ့ပစ်လို့မရတာ ကံကြမ္မာပါ...

Friday, August 22, 2008

ပေးစပ်ခြင်း



ငါ့အတွက်တော့

ရင့်နှင့်အမျှချစ်ခဲ့ဘူးတယ်

ချစ်ခဲ့တာတွေက ခံစားဖို့လားကွာ…

ပေးစပ်ခဲ့ဘူးပါတယ်

အရာအားလုံးကိုပေါ့

ပေးစပ်ခဲ့တာတွေက အရာမထင်ခဲ့ဘူးကွာ…

ပျော်ရွှင်စရာလေးတွေ

ဖန်တီးပေးခဲ့ဘူးပါတယ်

ပျော်ရွှင်စရာတွေက ဟားတိုက်ခံဖို့လားကွာ…

မင်းပြောသမျှအရာအားလုံး

နှလုံးသားဝယ်သံမှိုစွဲ

ယုံကြည်ခဲ့သမျှ ဟာသပြတ်လုံးတွေလားကွာ…

ဒါပေမယ့်လည်း

ပေးစပ်ချစ်ခြင်းနဲ့ပဲ

အော်…အချစ်ဆိုတာပေးစပ်ခြင်းလေလား…

Wednesday, August 20, 2008

မေတ္တာ



ရေခြားမြေခြား
မိုင်ကွာဝေးလို့...
ရာသီဥတု
ဆက်ကျင်ဘက်မို့...
နေမှူထိုင်မှူ
မတူညီလည်း...
ပေးအပ်တာဝန်
ကျေပြွန်စေရန်...
စွမ်းအားအကုန်
ဥာဏ်အကုန်ဖြင့်
အပတ်တကုတ် ကျွန်ုပ်တို့...
သို့ပေမယ့်ငြား...
ခက်ခဲမည်မျှ
ရှိစေသော်...
တခဏတာ
မေ့မျက်နှာ...
မြင်ရပါငြား
ပျောက်စေသား...
မေတ္တာအစွမ်း
အံမခန်းမို့...
လေးနှစ်တာ ကာလ
တစ်ခဏ ...
ကျော်ဖြတ်လိုက်မယ်
ဒီဘ၀...

 
m © 2007 Template feito por Templates para Você