ချစ်သူ
မင်းငါ့အတွက်နဲ့ ပျော်ခဲ့ရတယ်ဆို
ငါလည်းမင်းကြောင့် ပျော်ခဲ့ဘူးမှာပါ…
ချစ်သူ
မင်းငါ့အတွက်နဲ့ ငိုခဲ့ရတယ်ဆို
ငါလည်းမင်းကြောင့် ငိုခဲ့ဘူးမှာပါ...
ချစ်သူ
မင်းငါ့အတွက်နဲ့ ခံစားရတယ်ဆို
ငါလည်းမင်းကြောင့် ခံစားခဲ့ဘူးမှာပါ…
ချစ်သူ
မင်းအတွက်နဲ့ ကြေကွဲခဲ့ရတယ်ဆို
ငါလည်းမင်းကြောင့် ကြေကွဲခဲ့ဘူးမှာပါ...
ချစ်သူ
မင်းငါ့ကို ချစ်သလို့
ငါလည်းမင်းနဲ့ ထပ်တူထပ်မျှ
ချစ်သမျှ
ပေးအပ်လိုက်မယ်
ငါ့ဘ၀…
Thursday, June 26, 2008
ထပ်တူထပ်မျှ
Posted by mgcomlay at 12:23 AM
Tuesday, June 24, 2008
သူငယ်ချင်း
တခြားလူမသိသော ကိုယ့်လျှိုဝှက်ချက်သူသိတယ်…
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတက်ပြီး…
ကိုယ်အမှားလုပ်မိသောအချိန်တွင် ကိုယ့်ဘက်မှ
ရပ်တည်ပေးပြီး ၀န်ခံပေးတက်တယ်…
အားငယ်သောအချိန်များတွင် အားပေးတက်ပြီး…
ဝမ်းနည်းနေသည့် အချိန်တွင် နှစ်သိပ်တက်ပြီ…
ကိုယ်အဆင်ပြေနေချိန်တွင် သူ့ကိုမေ့နေပြီး…
ကိုယ်အဆင်မပြေချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို
စိတ်ရှည်ရှည်နားထောင်ပေးတက်တယ်…
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင်
ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတက်တယ်…
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်…
Posted by mgcomlay at 1:08 PM
Monday, June 23, 2008
အဖြေ
ချစ်သူ
ချစ်တယ်ဆိုတဲ့စာတစ်ကြောင်းရေးမှ
ချစ်တဲ့အကြောင်းကိုယုံကြည်မယ်တဲ့လား…
မျက်လုံးချင်းဆုံခိုက်
ရင်မဆိုင်ရဲလှစွာ
မျက်လွှာချအရှုံးပေးရုံနဲ့
မလုံလောက်ဘူးတဲ့လား…
အသာအယာခေါင်းညိတ်ဝန်ခံမှ
ချစ်တဲ့အဖြေအတွက်ကျေနပ်မယ်တဲ့လား…
မင်းပြောလာသမျှလိုက်လျောခဲ့တာ
ကိုယ့်ဆန္ဒဟာမင်းဆန္ဒသာဖြစ်စေခဲ့တာ
အိပ်မက်ထဲအထိသတိရတတ်တာ
ဒါတွေကိုရောချစ်တဲ့အဖြေ..ဆိုရင်
ငြင်းမတဲ့လား…
တကယ်တော့ အဖြေဆိုတာ
မေးသူနဲ့ ဖြေသူကြားမှာ
အလိုလိုနားလည်မယ်ဆိုရင်
ဘာအကြောင်းပြချက်
ဘာအမှတ်တဆိပ်
ဘာသင်္ကေတမှ
မလိုတဲ့
ရင်ခုန်သံဘာသာစကားတခုပါပဲ…
ဖြူစင်သူလေး
Posted by mgcomlay at 10:13 PM
Sunday, June 22, 2008
သူယောင်မယ်
ကျွန်တော်ဒီအပင်လေးကိုစိတ်ဝင်စားလို့သူငယ်ချင်းများသိစေချင်
သောကြောင့်ရေးသားလိုက်ပါသည်။ဒီအပင်သည်နီိပေါနိုင်ငံတွင်
်ပေါက်ရောက်ပါသည်ဟုသိရပါသည်။အပင်၏ထူးခြားချက်မှာ အသီး
မှာမိန်းမပုံနှင့်တူနေခြင်း ဖြစ်သည်။ ထိုကြောင့်အသီး၏အမည်ကို
သူယောင်မယ်သီးဟုခေါ်ပါသည်။ဒီအပင်ကိုသိထားပြီးသူများလည်း
ရှိကောင်းရှိပါမည်။သို့သော်မသိရှိသေးသောသူငယ်ချင်းများသိရှိစေ
ရန်ဖော်ပြထားခြင်းဖြစ်ပါသည်။


Posted by mgcomlay at 2:26 AM
Saturday, June 21, 2008
အား

ရာသီအလီလီပြောင်းခဲ့လည်း
မနေ့တနေ့ကလိုပါပဲ မေမေ...
ထွက်ခွါမေမေ့ထံမှ
အိမ်မက်တစ်ခုလိုထင်မှား
ပုံရိပ်တွေရှင်သန်ဆဲပါ မေမေ...
ရေခြားမြေခြား ခိုဝင်လို့နား
မေမေ့အိမ်လောက်မပျော်ဘူး...
မိုးမျှော်တိုက်တွေခိုင်ခံ
မေမေအိမ်လောက်မကောင်းဘူး...
ပီဇာ ဘာဂါစားရသော်လည်း
မေမေ့ထမင်းကြမ်းလောက် မမြိန်ဘူး...
အနွေးဓတ်ကြောင့်နွေးသော်
မေမေ့ရင်ခွင်လောက် မနွေးထွေဘူး...
သွန်သင်လမ်းညွှန်မှူတွေကောင်းသော်
မေမေ့ဆုံးမစကားလောက် နားမ၀င်ဘူး...
သို့ပေမယ့်လည်း
ငါ၏ရည်မှန်းချက် အရောက်လှမ်းလို့...
မေမေ့စကားကျွန်တော့်အား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို မေမေ့စကားနဲ့
အားမာန်အပြည့်နဲ့ လှော်ခတ်နေဆဲပါ မေမေ...
Posted by mgcomlay at 12:39 PM





