ရာသီအလီလီပြောင်းခဲ့လည်း
မနေ့တနေ့ကလိုပါပဲ မေမေ...
ထွက်ခွါမေမေ့ထံမှ
အိမ်မက်တစ်ခုလိုထင်မှား
ပုံရိပ်တွေရှင်သန်ဆဲပါ မေမေ...
ရေခြားမြေခြား ခိုဝင်လို့နား
မေမေ့အိမ်လောက်မပျော်ဘူး...
မိုးမျှော်တိုက်တွေခိုင်ခံ
မေမေအိမ်လောက်မကောင်းဘူး...
ပီဇာ ဘာဂါစားရသော်လည်း
မေမေ့ထမင်းကြမ်းလောက် မမြိန်ဘူး...
အနွေးဓတ်ကြောင့်နွေးသော်
မေမေ့ရင်ခွင်လောက် မနွေးထွေဘူး...
သွန်သင်လမ်းညွှန်မှူတွေကောင်းသော်
မေမေ့ဆုံးမစကားလောက် နားမ၀င်ဘူး...
သို့ပေမယ့်လည်း
ငါ၏ရည်မှန်းချက် အရောက်လှမ်းလို့...
မေမေ့စကားကျွန်တော့်အား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို မေမေ့စကားနဲ့
အားမာန်အပြည့်နဲ့ လှော်ခတ်နေဆဲပါ မေမေ...
Saturday, June 21, 2008
အား
Posted by mgcomlay at 12:39 PM