Saturday, June 21, 2008

တိုင်တည်ချစ်


ကျွန်တော်သူ့အပေါ်ချစ်တဲ့အချစ်ကတော့
ကမ္ဘာကြီးမြေကြီးကိုတိုင်တည်ပြီးတော့ချစ်တာပါ...

ကမ္ဘာပေါ်ကရှိ ရှိသမျှအရာတိုင်း
စက္ကန့်နဲ့အမျှပြောင်းလဲနေကြတယ်...

ဒါပေမယ့်
ကျွန်တော်သူ့အပေါ်ချစ်တဲ့အချစ်ကတော့
ကမ္ဘာမြေကြီးပြိုကျသွားရင်တောင်
မြက်ပင်ကိုဆွဲနုတ်လိုက်လို့
အပင်ရဲ့အမြစ်မှာ
တွဲလွဲလေးတွေတွဲခိုနေတဲ့
မြေကြီးတုံးလေးတွေလို
ဆွဲကျန်ရစ်နေမှာပါ...

ဒါကျွန်တော်ရဲ့အချစ်ပါပဲဗျာ....

 
m © 2007 Template feito por Templates para Você