Monday, June 23, 2008

အဖြေ


ချစ်သူ
ချစ်တယ်ဆိုတဲ့စာတစ်ကြောင်းရေးမှ
ချစ်တဲ့အကြောင်းကိုယုံကြည်မယ်တဲ့လား…
မျက်လုံးချင်းဆုံခိုက်
ရင်မဆိုင်ရဲလှစွာ
မျက်လွှာချအရှုံးပေးရုံနဲ့
မလုံလောက်ဘူးတဲ့လား…
အသာအယာခေါင်းညိတ်ဝန်ခံမှ
ချစ်တဲ့အဖြေအတွက်ကျေနပ်မယ်တဲ့လား…
မင်းပြောလာသမျှလိုက်လျောခဲ့တာ
ကိုယ့်ဆန္ဒဟာမင်းဆန္ဒသာဖြစ်စေခဲ့တာ
အိပ်မက်ထဲအထိသတိရတတ်တာ
ဒါတွေကိုရောချစ်တဲ့အဖြေ..ဆိုရင်
ငြင်းမတဲ့လား…
တကယ်တော့ အဖြေဆိုတာ
မေးသူနဲ့ ဖြေသူကြားမှာ
အလိုလိုနားလည်မယ်ဆိုရင်
ဘာအကြောင်းပြချက်
ဘာအမှတ်တဆိပ်
ဘာသင်္ကေတမှ
မလိုတဲ့
ရင်ခုန်သံဘာသာစကားတခုပါပဲ…

ဖြူစင်သူလေး

 
m © 2007 Template feito por Templates para Você