Saturday, June 21, 2008

ချစ်သူ


ချစ်သူမျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။

အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတက်ပါသည်။

အခန်းကျင်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံကို ခံစားရရှိနေတက်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်စေသည့်အရာမှာ
ငါ့ချစ်သူသာဖြစ်ပါ၏။
မောင်စိန်ဝင်း - ပုတီးကုန်း

 
m © 2007 Template feito por Templates para Você