
Tuesday, December 23, 2008
မိုးနဲ့အတူ
ချစ်သူ ကိုမင်းနဲ့ဝေးနေတဲ့အချိန်မှာ
မင်းနဲ့အတူ ထပ်တူထပ်မျှ
လွမ်းဆွတ်သတိရနေတာ မိုးပါ
မင်းနဲ့အတူ မိုးရေထဲမှာလမ်းလျောက်ခဲ့ဖူးတယ်
မိုးခြိမ်းသံကြားရင်မင်းကို့ရင်ခွင်ထဲတိုးဝင်ခဲ့တယ်
မိုးပေါက်သံ လေသံလေးတွေနဲ့အတူ
ကိုတို့ကခဲ့ကြတယ်
မိုးရေလေးတွေနဲ့တစ်ယောက်ကိုတစ်ယောက်
ဖြန်းပတ်ခဲ့တယ်
မင်းရဲ့အလှမင်းရဲ့အပြုံးက
မိုးရေတွေကြားမှာကို့ရင်ကိုပိုခုန်စေခဲ့တယ်
ပိုရ်ျသတိရစေတာကတော့
ကို့ကြောင့်ပြတ်ခဲ့တဲ့မင်းရဲ့
ကတ္တီပါဖိနပ်လေးပြတ်ခဲ့တယ်လေ
မင်းလေးစိတ်ဆိုးခဲ့တယ်
မင်းစိတ်ဆိုးတာကို့အတွက်တော့
ချစ်စရာမျက်နှာလေးပါပဲ
ကို့ဘ၀မှာတော့မိုးနဲ့မင်းနဲ့က
ခွဲမရတဲ့ချစ်သူတွေပါပဲ...
အခုချိန်မှတော့
မိုးကောမင်းကောကိုလွမ်းဆွတ်သတိရနေတယ်...
မျှော်လင့်ရင်းနဲ့ပဲ...
တချိန်မှာ မိုးရယ်မင်းရယ်အတူတူပျော်ကြမယ်နော်...
Posted by mgcomlay at 2:32 PM
Friday, November 21, 2008
I Love You

Posted by mgcomlay at 4:04 PM
Saturday, November 15, 2008
ရူးသွပ်ခြင်း
ကောင်မလေးရေ...
ညာနေမှန်းသိလျက်နဲ့
ယုံနေမိတယ်။
လှည့်စားနေမှန်းသိလျက်နဲ့
အပြစ်မယူရက်ပါ။
ဟန်ဆောင်နေမှန်းသိလျက်နဲ့
ဆက်ချစ်နေမိတယ်။
မုသားတွေမှန်းသိလျက်နဲ့
မုန်းလို့မရခဲ့။
စွန့်လွတ်ဖို့အခါခါ ကြိုးစားလည်း
အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့။
မေ့ပစ်ဖို့ အခါခါကြိမ်းပမ်းလည်း
တိုးတိုးပြီး သတိရနေတယ်။
ကောင်မလေးရယ်...
မင်းအကြောင်းတွေကိုတွေး
သတိရနေရင်ဖြင့်
အမုန်းကိုမကြိုဆိုနိုင်သူမို့
ရူးမိုက်တယ်ပြောလည်း
ကောင်မလေးအတွက်
အချစ်တွေကို
ဒီရင်မှာ ထာဝရ
သိမ်းထားချင်ပါတယ်...
Posted by mgcomlay at 1:16 AM
Wednesday, October 29, 2008
အသည်းကွဲခြင်း
ပထမဆုံးမို့
အရိုးသားဆုံး
ချစ်ခဲ့မိပါတယ်...
မင်းကပဲအပြောကောင်းသလား
ငါကပဲညံ့နေသလား
လှပတဲ့စကားလုံးများအကြား
ကျဆုံးမိတာ အခါခါပေါ့...
ဟန်ဆောင်ကောင်းသူရယ်လို့
သိခဲ့ပေမယ့်..
သိပ်ချစ်ခဲ့မိလို့
အပြစ်မယူရက်ခဲ့သူပါ...
မေ့ပစ်ဖို့ကြိုးစားလည်း
အလွမ်းတွေနဲ့ပဲ
ကျဆုံးနေဆဲ...
ရင်ထဲမှာ နာကျည်းလည်း
နှလုံးသားက
မင်းဆီမှာပဲ...
အရိုးသားဆုံး ချစ်ခဲ့သူအတွက်
ရရှိခဲ့တဲ့ဆုလဒ်ဟာ
အသည်းကွဲခြင်းလား...
ရက်စက်မှုတွေကြားမှာ
ငါလဲပြိုနေပြီ...
နောက်ဆုံးတော့...
နာကျင်မှုတွေနဲ့
အဆုံးသတ်တော့မယ့်
ဇာတ်လမ်းမှာ
ငါ့အချစ်တွေကို
ဟန်ဆောင်ကာ သိမ်းရင်း
နှုတ်ဆက်လိုက်ပါတယ်....
Posted by mgcomlay at 4:37 AM
Friday, October 24, 2008
အဝေးမြေမှ
ဝေးတစ်မြေမှ ချစ်သူရေ…
တမြေပြည်ခြား ဝေးနေငြားလည်း
လွမ်းဆွတ်သတိရနေဆဲပါ…
အတူယဉ်တွဲ ချစ်ကြည်နူးခဲ့
ထာဝရင်မှာ မမေ့သာ…
စကားသံသာ ရင်မှာချမ်းမြ
မမေ့ရက်တာ တစ်သက်တာ…
ရွှန်းလဲညိုပြာ မျက်ဝန်းဟာ
တစ်သက်ဘယ်အခါ မမေ့အပ်ပါ...
ချစ်သူနှုတ်ခမ်း ရင်မှာလွမ်း
ထာဝစဉ်နမ်းတာ အခါခါ…
ကြင်နာယုယ ချစ်ခဲ့သမျှဟာ
ဝေးနေချိန်ကျ တမ်းတရ…
ချစ်ခဲ့တော့လည်း လွမ်းနေရ…
ဖူးစာဧကန် မှန်ပါငြားက
ပြန်လည်တွေ့ဆုံ ရင်တွေခုန်စွာ…
ပျော်ရွှင်မဆုံး တပြုံးပြုံးနဲ့
ချစ်ပွဲဝင်ချင်ပါသေးတယ်…
Posted by mgcomlay at 2:44 PM
Monday, October 20, 2008
ကံကြမ္မာ
အနေဝေးလို့သွေးအေးတယ် ဆိုပေမယ့်
ရင်တွေပူအောင်တမ်းတမိတာ ကိုပါ...
မိုင်တွေချီဝေးကွာနေလည်း
မင်းအရိပ်တွေ ထင်ကျန်နေဆဲပါ...
ဘယ်အချိန်ဘယ်နေရာပဲရောက်ရောက်
အတွေးထဲမှာမင်းတစ်ယောက်သာ စိုးမိုးနေဆဲပါ...
မင်းအကြောင်းတွေးလိုက်တိုင်း
ဘ၀အမောတွေပြောခဲ့ရတာ အမှန်ပါ...
ဆံနွယ်ရှည်လေး ကို့အနားဖြတ်သွား
မင်းဖြစ်လေမလား ငေးမိတာပါ...
အိမ်မက်ထဲမှာ အခါခါ
မက်မြင်နေမိတာ ညစဉ်ပါ...
မင်းနဲ့ပတ်သတ်တဲ့ အရာမှန်သမျှ
မေ့ပစ်လို့မရတာ ကံကြမ္မာပါ...
Posted by mgcomlay at 5:41 PM
Friday, August 22, 2008
ပေးစပ်ခြင်း
ငါ့အတွက်တော့
ရင့်နှင့်အမျှချစ်ခဲ့ဘူးတယ်
ချစ်ခဲ့တာတွေက ခံစားဖို့လားကွာ…
ပေးစပ်ခဲ့ဘူးပါတယ်
အရာအားလုံးကိုပေါ့
ပေးစပ်ခဲ့တာတွေက အရာမထင်ခဲ့ဘူးကွာ…
ပျော်ရွှင်စရာလေးတွေ
ဖန်တီးပေးခဲ့ဘူးပါတယ်
ပျော်ရွှင်စရာတွေက ဟားတိုက်ခံဖို့လားကွာ…
မင်းပြောသမျှအရာအားလုံး
နှလုံးသားဝယ်သံမှိုစွဲ
ယုံကြည်ခဲ့သမျှ ဟာသပြတ်လုံးတွေလားကွာ…
ဒါပေမယ့်လည်း
ပေးစပ်ချစ်ခြင်းနဲ့ပဲ
အော်…အချစ်ဆိုတာပေးစပ်ခြင်းလေလား…
Posted by mgcomlay at 8:27 AM
Wednesday, August 20, 2008
မေတ္တာ
ရေခြားမြေခြား
မိုင်ကွာဝေးလို့...
ရာသီဥတု
ဆက်ကျင်ဘက်မို့...
နေမှူထိုင်မှူ
မတူညီလည်း...
ပေးအပ်တာဝန်
ကျေပြွန်စေရန်...
စွမ်းအားအကုန်
ဥာဏ်အကုန်ဖြင့်
အပတ်တကုတ် ကျွန်ုပ်တို့...
သို့ပေမယ့်ငြား...
ခက်ခဲမည်မျှ
ရှိစေသော်...
တခဏတာ
မေ့မျက်နှာ...
မြင်ရပါငြား
ပျောက်စေသား...
မေတ္တာအစွမ်း
အံမခန်းမို့...
လေးနှစ်တာ ကာလ
တစ်ခဏ ...
ကျော်ဖြတ်လိုက်မယ်
ဒီဘ၀...
Posted by mgcomlay at 2:01 PM
Thursday, June 26, 2008
ထပ်တူထပ်မျှ
ချစ်သူ
မင်းငါ့အတွက်နဲ့ ပျော်ခဲ့ရတယ်ဆို
ငါလည်းမင်းကြောင့် ပျော်ခဲ့ဘူးမှာပါ…
ချစ်သူ
မင်းငါ့အတွက်နဲ့ ငိုခဲ့ရတယ်ဆို
ငါလည်းမင်းကြောင့် ငိုခဲ့ဘူးမှာပါ...
ချစ်သူ
မင်းငါ့အတွက်နဲ့ ခံစားရတယ်ဆို
ငါလည်းမင်းကြောင့် ခံစားခဲ့ဘူးမှာပါ…
ချစ်သူ
မင်းအတွက်နဲ့ ကြေကွဲခဲ့ရတယ်ဆို
ငါလည်းမင်းကြောင့် ကြေကွဲခဲ့ဘူးမှာပါ...
ချစ်သူ
မင်းငါ့ကို ချစ်သလို့
ငါလည်းမင်းနဲ့ ထပ်တူထပ်မျှ
ချစ်သမျှ
ပေးအပ်လိုက်မယ်
ငါ့ဘ၀…
Posted by mgcomlay at 12:23 AM
Tuesday, June 24, 2008
သူငယ်ချင်း
တခြားလူမသိသော ကိုယ့်လျှိုဝှက်ချက်သူသိတယ်…
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတက်ပြီး…
ကိုယ်အမှားလုပ်မိသောအချိန်တွင် ကိုယ့်ဘက်မှ
ရပ်တည်ပေးပြီး ၀န်ခံပေးတက်တယ်…
အားငယ်သောအချိန်များတွင် အားပေးတက်ပြီး…
ဝမ်းနည်းနေသည့် အချိန်တွင် နှစ်သိပ်တက်ပြီ…
ကိုယ်အဆင်ပြေနေချိန်တွင် သူ့ကိုမေ့နေပြီး…
ကိုယ်အဆင်မပြေချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို
စိတ်ရှည်ရှည်နားထောင်ပေးတက်တယ်…
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင်
ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတက်တယ်…
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်…
Posted by mgcomlay at 1:08 PM
Monday, June 23, 2008
အဖြေ
ချစ်သူ
ချစ်တယ်ဆိုတဲ့စာတစ်ကြောင်းရေးမှ
ချစ်တဲ့အကြောင်းကိုယုံကြည်မယ်တဲ့လား…
မျက်လုံးချင်းဆုံခိုက်
ရင်မဆိုင်ရဲလှစွာ
မျက်လွှာချအရှုံးပေးရုံနဲ့
မလုံလောက်ဘူးတဲ့လား…
အသာအယာခေါင်းညိတ်ဝန်ခံမှ
ချစ်တဲ့အဖြေအတွက်ကျေနပ်မယ်တဲ့လား…
မင်းပြောလာသမျှလိုက်လျောခဲ့တာ
ကိုယ့်ဆန္ဒဟာမင်းဆန္ဒသာဖြစ်စေခဲ့တာ
အိပ်မက်ထဲအထိသတိရတတ်တာ
ဒါတွေကိုရောချစ်တဲ့အဖြေ..ဆိုရင်
ငြင်းမတဲ့လား…
တကယ်တော့ အဖြေဆိုတာ
မေးသူနဲ့ ဖြေသူကြားမှာ
အလိုလိုနားလည်မယ်ဆိုရင်
ဘာအကြောင်းပြချက်
ဘာအမှတ်တဆိပ်
ဘာသင်္ကေတမှ
မလိုတဲ့
ရင်ခုန်သံဘာသာစကားတခုပါပဲ…
ဖြူစင်သူလေး
Posted by mgcomlay at 10:13 PM
Sunday, June 22, 2008
သူယောင်မယ်
ကျွန်တော်ဒီအပင်လေးကိုစိတ်ဝင်စားလို့သူငယ်ချင်းများသိစေချင်
သောကြောင့်ရေးသားလိုက်ပါသည်။ဒီအပင်သည်နီိပေါနိုင်ငံတွင်
်ပေါက်ရောက်ပါသည်ဟုသိရပါသည်။အပင်၏ထူးခြားချက်မှာ အသီး
မှာမိန်းမပုံနှင့်တူနေခြင်း ဖြစ်သည်။ ထိုကြောင့်အသီး၏အမည်ကို
သူယောင်မယ်သီးဟုခေါ်ပါသည်။ဒီအပင်ကိုသိထားပြီးသူများလည်း
ရှိကောင်းရှိပါမည်။သို့သော်မသိရှိသေးသောသူငယ်ချင်းများသိရှိစေ
ရန်ဖော်ပြထားခြင်းဖြစ်ပါသည်။



Posted by mgcomlay at 2:26 AM
Saturday, June 21, 2008
အား
ရာသီအလီလီပြောင်းခဲ့လည်း
မနေ့တနေ့ကလိုပါပဲ မေမေ...
ထွက်ခွါမေမေ့ထံမှ
အိမ်မက်တစ်ခုလိုထင်မှား
ပုံရိပ်တွေရှင်သန်ဆဲပါ မေမေ...
ရေခြားမြေခြား ခိုဝင်လို့နား
မေမေ့အိမ်လောက်မပျော်ဘူး...
မိုးမျှော်တိုက်တွေခိုင်ခံ
မေမေအိမ်လောက်မကောင်းဘူး...
ပီဇာ ဘာဂါစားရသော်လည်း
မေမေ့ထမင်းကြမ်းလောက် မမြိန်ဘူး...
အနွေးဓတ်ကြောင့်နွေးသော်
မေမေ့ရင်ခွင်လောက် မနွေးထွေဘူး...
သွန်သင်လမ်းညွှန်မှူတွေကောင်းသော်
မေမေ့ဆုံးမစကားလောက် နားမ၀င်ဘူး...
သို့ပေမယ့်လည်း
ငါ၏ရည်မှန်းချက် အရောက်လှမ်းလို့...
မေမေ့စကားကျွန်တော့်အား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို မေမေ့စကားနဲ့
အားမာန်အပြည့်နဲ့ လှော်ခတ်နေဆဲပါ မေမေ...
Posted by mgcomlay at 12:39 PM
ချစ်သူ
ချစ်သူမျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကိုမြင်နေရပါသည်။
အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတက်ပါသည်။
အခန်းကျင်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံကို ခံစားရရှိနေတက်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်စေသည့်အရာမှာ
ငါ့ချစ်သူသာဖြစ်ပါ၏။
မောင်စိန်ဝင်း - ပုတီးကုန်း
Posted by mgcomlay at 11:28 AM
မေမေ
အနိုင်းမဲ့မေမေ
ကိုးလလွယ်ဆယ်လဖွားအသက်စတေးမွေးဖွားပေးခဲ့တာ မေမေ
ငယ်ရွယ်စဉ်ပြုပြင်ဆုံးမ
လမ်းမှန်ရောက်အောင်ပို့ဆောင်ပေးတာ မေမေ
အန္တာရယ်တွေဘယ်လိုကြုံကြုံ
ရှေ့ဆုံးမှဦးဆောင်ပေးခဲ့တာ မေမေ
မေမေ...မေမေ..တို့အားလုံးအတွက်
အနှိုင်းမဲ့ မေမေ...
Posted by mgcomlay at 11:24 AM
တိုင်တည်ချစ်
ကျွန်တော်သူ့အပေါ်ချစ်တဲ့အချစ်ကတော့
ကမ္ဘာကြီးမြေကြီးကိုတိုင်တည်ပြီးတော့ချစ်တာပါ...
ကမ္ဘာပေါ်ကရှိ ရှိသမျှအရာတိုင်း
စက္ကန့်နဲ့အမျှပြောင်းလဲနေကြတယ်...
ဒါပေမယ့်
ကျွန်တော်သူ့အပေါ်ချစ်တဲ့အချစ်ကတော့
ကမ္ဘာမြေကြီးပြိုကျသွားရင်တောင်
မြက်ပင်ကိုဆွဲနုတ်လိုက်လို့
အပင်ရဲ့အမြစ်မှာ
တွဲလွဲလေးတွေတွဲခိုနေတဲ့
မြေကြီးတုံးလေးတွေလို
ဆွဲကျန်ရစ်နေမှာပါ...
ဒါကျွန်တော်ရဲ့အချစ်ပါပဲဗျာ....
Posted by mgcomlay at 11:17 AM
ကြည်နူးပျော်ရွှင်
အချစ်
အိုးချင်းထား အိုးချင်းထိ
ကြိုးချင်းထားကြိုးချင်းညှိ ဆိုသလို
အချစ်ဆိုတာလဲ
သဘာဝမတူညီတဲ့ လူသားနှစ်ယောက်
အနေနီးလွန်းရင်
သဒါလွန်ပြီး တနာကျွန်တက်တယ်
ဲဖြူစင်တဲ့သံယောဇဉ်ကနေ
ပိုမိုခိုင်မာလာတဲ့
အချစ်သံယောဇဉ်လေးတွေ ဖြစ်လာပြီး
ကြည်နူးပျော်ရွှင်စရာ
ကမ္ဘာလေးဖြစ်လာတယ်...
Posted by mgcomlay at 11:07 AM